Rate it :
[A048] I Spit on Your Grave 3 (2015)
Posted by Thaw Htut San
Posted on 8:56 AM
with No comments
I Spit on Your Grave 3 (2015)
Movie ID : A048
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
I spit on your grave ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အနိုင်ကျင့်ခံလိုက်ရတဲ့ မိန်းမသားများရဲ့ ရက်ရက်စက်စက်လက်စားချေမှုတွေကို ပြသထားပါတယ်။ Crime, Horror, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (5.2/10) ရရှိထားပါတယ်။
Rate it :
[A047] I Spit on Your Grave 2 (2013)
Posted by Thaw Htut San
Posted on 8:52 AM
with No comments
I Spit on Your Grave 2 (2013)
Movie ID : A047
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ဇာတ်လမ်းအကျဉ်းကတော့ မော်ဒယ်ဖြစ်ချင်တဲ ကေတီတစ်ယောက် ဓါတ်ပုံဆရာတစ်သိုက်ဆီ အလကားဓါတ်ပုံရိုက်ခွင့်ရမယ်ဆိုတဲမျော်လင့်ချက်နဲသွားခဲပါတယ်။အဲဒီမှာပဲ ဓါတ်ပုံဆရာရဲညီ သိပ်ကျပ်မပြည့်တဲ ဂျောဂျီ ဟာသူမကိုမြင်မြင်ချင်ကြိုက်သွားပါတယ်။နဂိုကသိပ်ကျပ်မပြည့်သူဆိုတော့ ကေတီတိုက်ခန်းကိုညဘက်မှာခိုးဝင်ပြီး ကေတီကိုRapeလုပ်ပါတော့တယ်။ကေတီရဲအော်သံကြောင့်အိမ်နီးနားချင်းကောင်လေးရောက်လာတဲအခါ ဂျောဂျီဟာ အဲဒီကောင်လေးကိုပါသက်ခဲပါတယ်။ကိစ္စတွေပြီးတော့မှ သူလုပ်ခဲတာတွေကိုသတိရပြီး သူ့အကိုတွေဆီအကူညီလှမ်းတောင်ပါတော့တယ်။သူ့အကိုတွေဟာ လူသက်မူနဲမုဒိန်းမူကိုဖျောက်ဖျက်ဖို့အတွက်ကေတီကိုဖမ်းခေါ်သွားပြီး လိင်ပိုင်ဆိုင်ရာနိုပ်စက်ခဲကြပါတယ်။ဒါကို ကေတီကဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးမလဲ လူယုတ်မာတွေကိုဘယ်လိုများရက်ရက်စက်စက်ဂလဲစားပြန်ချေမလဲ။ဂလဲစာချေတာရောအောင်မြင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲကြည့်ရမယ်ဇာတ်ကားကောင်းတစ်ကားပါ။၂၀၁၃ခုနှစ်ကထွက်ရှိခဲတာဖြစ်ပြီး IMDB ကတော့5.7ထိရရှိထားတဲ Horror,Thriller အမျိုးအစားပါ။ nudity ခန်းတွေနဲ့ရက်ရက်စက်စက်သတ်ဖြတ်ခန်းတွေကြောင့် အသက်မပြည့်သေးတဲသူတွေမကြည့်သင့်ပါဘူး။
Rate it :
[A046] I Spit on Your Grave (2010)
Posted by Thaw Htut San
Posted on 8:51 AM
with No comments
I Spit on Your Grave (2010)
Movie ID : A046
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ကားဟောင်းလေးတစ်ကားပါ။တောထဲမှာတစ်ကိုယ်တည်းစာရေးဖို့ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကျင့်ပျက်ရဲနဲ့ လူတစ်စုက ၀ိုင်းဝန်းနှိပ်စက် မုဒိန်းကျင့်ပြီး သေပြီထင်ခဲ့ပေမယ့် မသေခဲ့တဲ့အခါမှာ သူခံစားခဲ့ရတာထက် ၂ ဆဆိုးအောင် တစ်ယောက်ချင်းကို ပြန်လက်စားချေပါတော့တယ်။ မိသားစုနဲ့အတူမကြည့်သင့်သလို ကြောက်တတ်တဲ့သူ နှလုံးမကောင်းတဲ့သူတွေလည်း မကြည့်သင့်ပါ။
Rate it :
[A045] Forbidden Legend of Sex and Chopsticks (2008) 18+
Posted by Thaw Htut San
Posted on 8:49 AM
with No comments
[A044] Erotic Campus Rape Reception (1977) 18+
Posted by Thaw Htut San
Posted on 8:48 AM
with No comments
[A043] Elektra (2005)
Posted by Thaw Htut San
Posted on 8:46 AM
with No comments
Elektra (2005)
Movie ID : A043
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်….Elektra ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်…Elektra ရုပ်ရှင်ကိုဇန်န၀ါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ၀င်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်…Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည်….ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း….အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်….ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်….ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….
Rate it :
[A042] Doom (2005)
Posted by Thaw Htut San
Posted on 8:44 AM
with No comments
Doom (2005)
Movie ID : A042
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ထိတ်လန့်သည်းဖို ရုပ်ရှင်ကြိုက်သူတွေ အတွက် တင်ပေးလိုက်ပါတယ်ဇတ်လမ်း ပုံစံကတော့ မာ့စ် ဂြိုလ် ပေါ်မှ UAC ကော်ပိုရေးရှင်း ရဲ့ သိပ္ပံစမ်းသပ်ခန်းကနေစတင်လာတာ ဖြစ်ပါတယ်…ဒေါက်တာ ကားမတ်စ် ဦးဆောင်သော လျို့ဝှတ်သုတေသန အဖွဲ့ဟာ အလွန်ဆိုးဝါးတဲ့ Virus တစ်ခုကိုဖန်တီးမိပြီး ထို Virus ထိမိသော လူတိုင်းသည် အသိစိတ်ကင်းမဲ့သော မကောင်းဆိုးဝါးများ ဖြစ်ကြကုန်သည်ထို့ကြောင့် ဒေါက်တာ ကားမတ်စ် အပါအ၀င် ဆရာဝန်အဖွဲ့ အားလုံး သေဆုံးခဲ့ရပါတယ်…သို့သော် ဒေါက်တာ ကားမတ်စ် မသေခင် အခိုက်အတန့်တွင် အဆင့်ငါး လုံခြုံရေး ကျိုးပေါက်မှုအဖြစ် သတင်းပေးပို့နိုင်ခဲ့ပါတယ် ထိုသတင်းကို ရရှိခဲ့သူတွေကတော့ မရိန်းတပ်ဖွဲ့ အထူးစစ်ဆင်ရေး မှ ဖြစ်ပါတယ်..ထို့ကြောင့် ဗိုလ်ကြီး ဆာ့ဂ် နဲ့ အထူးတပ်ဖွဲ့များဟာ ပိတ်မိနေသော UAC ၀န်ထမ်းများကို ကယ်ဆယ်ရန်မာ့စ်ဂြိုလ်ပေါ်မှ လျို့ဝှတ်သုတေသန စခန်း သို့ သွားရောက်ကြပါတယ်…သူတို့ ထင်ထားသလို သာမန် အဆင့်မဟုတ်ပဲ အသက်ဆုံးရှုံးနိုင်ဖို့ လက်တကမ်းသာ လိုသော စစ်ဆင်ရေး ဟုသူတို့ သိရှိခဲ့ချိန်မှာတော့ အင်မတန်နောက်ကျသွားပါတော့တယ်…
Rate it :
[A041] Air Force One (1997)
Posted by Thaw Htut San
Posted on 8:42 AM
with No comments
Air Force One (1997)
Movie ID : A041
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force Oneဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါ Imdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကိုတစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ
Rate it :
[A040] Crouching Tiger Hidden Dragon Sword ofDestiny
Posted by Thaw Htut San
Posted on 8:41 AM
with No comments
[A039] Godzilla Resurgence(Shin Godzilla) (2016)
Posted by Thaw Htut San
Posted on 8:40 AM
with No comments
[A037] The Evil Dead (1981)
Posted by Thaw Htut San
Posted on 8:36 AM
with No comments
The Evil Dead (1981)
Movie ID : A037
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကို ရောက်အသွား စပ်စုတက်တဲ့ လူငယ်သဘာဝ ဗီဇ အရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စု ကို ပြန်ဖို့ မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါဒီ .......
Rate it :
[A036] SanMao Joins The Army (1992)
Posted by Thaw Htut San
Posted on 7:10 AM
with No comments
SanMao Joins The Army (1992)
Movie ID : A036
ဒီဇာတ်ကားကတော့ မြန်မာပြည်ဆိုရှယ်မီဒီယာမှာ ခုတလော လူပြောများ လူကြည့်များနေတဲ့ ဟာသဗွီဒီယိုအပိုင်းလေးရဲ့ ဇာတ်ကားပါ။(SanMao joins the army) ‘ဆံသုံးချောင်း’ စစ်တပ်ထဲဝင်သောအခါ ဆိုတဲ့ဇာတ်ကားဟာ 1935 ခုနှစ်မှာ Zhang Leping ဖန်တီးခဲ့တဲ့SanMao ဆိုတဲ့ တရုတ်နာမည်ကျော်ကာတွန်းကို အသက်သွင်းထားတာဖြစ်ပါတယ်။ဆံပင်သုံးချောင်းပဲရှိတဲ့ အူကြောင်ကြားကလေးလေးတစ်ယောက်အကြောင်းနဲ့ စစ်ပွဲရဲ့ဆိုးမွေတွေအကြောင်း ဟာသအသောလေးတွေနဲ့ ကာတွန်းဆန်ဆန်ရိုက်ကူးထားတာ အတော်လေး ရယ်ရပါတယ်။
Rate it :
[A035] My Girlfriend is Robot (2008)
Posted by Thaw Htut San
Posted on 7:08 AM
with No comments
My Girlfriend is Robot (2008)
Movie ID : A035
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
2008 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဂျပန် အချစ်ဇာတ်လမ်းကားတစ်ကားဖြစ်ပြီး IMDB Rate 7.1 ရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အချိန်ခရီးသွားပြီး ပြန်လာတဲ့ စက်ရုပ်မလေးက ဂျီရိုကို လိုက်ကယ်ပြီးတော့ ဂျီရို အတွက်စိတ်ထိခိုက်စရာတွေ ဖြစ်လာနိုင်မယ့်အရာတွေကို မဖြစ်အောင် လိုက်လံတားဆီးတာပါ လှည့်ကွက်တွေပါဝင်သလို..ဇာတ်သိမ်းမှာလည်း ဘယ်လိုမှမထင်မှတ်ထားအောင် လှပစွာ ဇာတ်သိမ်းထားတဲ့ ဂျပန်အချစ်ဇာတ်ကားကောင်းလေးတစ်ကားပါ
Rate it :
[A034] Journey to the West (2005) 18+
Posted by Thaw Htut San
Posted on 7:06 AM
with No comments
Journey to the West (2005)
Movie : A034
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
အခုတစ်ခါတော့ အနောက်ဖက်သို့ခရီးသွားခြင်းဆိုတဲ့ ၂၁ အထက်ကြည့်ရမယ့်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ၂၁ ပရိတ်သတ်တွေလဲ မတက်တာကြာဘီဆိုတော့သူတို့ကိုပစ်ထားတယ် ထင်နေမှာစိုးလို့ပါ ဒီကားလေးထဲမှာ အကြမ်းဆုံးကတော့ ကျူးပါကျဲပါအသေကြမ်းပါတယ် Spell တွေကလဲဂေါ်ပါတယ် မျောက်ကတော့ သောက်ပိန်းပါဒီကားက အနောက်ဖက်ကိုကျမ်းစာသွားသယ်မယ့် ဇာတ်လမ်းထဲမှာ မိန်းမလှလေးတွေကြီးပဲရှိတဲ့တိုင်းပြည်ကို ဖြတ်သွားရတဲ့ အခန်းကို ၀ူုခုန်းကားကြည့်ဖူးတဲ့သူတိုင်းမှတ်မိကြမှာပါဒီကားက အဲအခန်းကိုဖြတ်ပြီးတော့ ရိုက်ထားတာပါ ထူးခြားတာက အပြောင်းအလဲပေါ့နော်ဒီကားထဲမှာကျမ်းစာသယ်မယ့်သူက ဆရာတော်မဟုတ်ပါဘူး မယ်သီလရှင်ပါပြီးတော့ ဒီကားထဲမှာ Lesbian တွေရဲ့ ရက်စက်တတ်တဲ့ ချစ်ချင်းသဘောတွေကိုလဲရိုက်ကူးပုံဖော်ပြထားတာမို့ Les တွေရဲ့ ကြောက်ဖို့ကောင်းတဲ့အချစ်ကိုလည်းတွေ့ကြရမှာပါကဲလေပေါနေတာတောင်များသွားပြီ ဇာတ်လမ်းအကျဉ်းလေးကိုထပ်သွားကြတာပေါ့ဇာတ်လမ်းလေးကတော့ ကျမ်းစာသယ်မယ့်ဆရာလေးရယ် ၀ူခုန်းရယ် ပါကျဲရယ်ဟာတန် နိုင်ငံကနေ အနောက်ဖက်ကို သွားပြီး ကျမ်းစာသွားသယ်ကြပါတယ်လမ်းမှာ မိန်းမလှလေးတွေရှိတဲ့ တိုင်းပြည်ကိုရောက်ပါတယ် အဲ့တိုင်းပြည်မှာညီအမ ၂ယောက်က အုပ်ချုပ်ပါတယ် ရွှေ ရယ် ငွေရယ် ပါ အဲ့မှာရွှေက အမကြီးဆိုတော့ ဘုရင်မပါ အဲ့အချိန်မှာ တဘောင်တစ်ခုကပေါ်လာပါတယ်ပုံမှန်က ကျမ်းစာသယ်မယ့် ဆရာတော်ရဲ့အသားကိုစားရင် အသက်ရှည်မယ် ပါဝါတိုးမယ်ပေါ့ဒီထဲမှာတော့ မဟုတ်ပါဘူး ကျမ်းစာသယ်တဲ့ဆရာလေးရဲ့ အပျိုပန်းကို ဆွတ်ခူးနိုင်ရင်အသက်ရှည်ပါမယ် ပါဝါတိုးပါမယ် အဲ့မှာ ရွှေက ဆရာလေးကို မြင်မြင်ချင်းမိန်းမချင်းပစ်ကြွေသွားပြီးတော့နှစ်ကိုယ်တူ ဒီဂျေပွတ်ကြဖို့ ကြံပါတော့တယ် အဲ့ဒီအချိန်မှာ ရွှေရဲ့ အချစ်တော်လေးက စိတ်ကွက်ပီးငွေ ဆီကို သွားကပ်ပြီး မကောင်းတာတွေလုပ်ဖို့ အကြံပေးပါတော့တယ် ငွေက ကာမဗျသျှသိုင်းကိုကျင့်နေတာပါသူနဲ့ ဆက်ဆံမိတဲ့ယောကျာ်းတိုင်းက ဂိုင်ကွေးပြီးသေကြရပါတယ် ကဲ ပရိတ်သတ်ကြီးရေ၀ူခုန်း ပါကျဲ နဲ့ မိန်းမလှတိုင်းပြည်က ငွေဦးဆောင်တဲ့ မိန်းမလှလေးတွေ ဘယ်လိုတွေတောင်အပြိင်ကျဲကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါဦးဗျာငါကြည့်ချင်တာ ဒီလို ၀ူခုန်းကားဆိုပြီး တော့ပြောရလောက်အောင် တန်စေရပါမယ်လို့အာမခံပါတယ် ဗျာ တခုတော့ကြိုပြောထားပါရစေ ဇာတ်ကားက ငယ်ငယ်က ကြည့်ဖူးတဲ့ရှားပါးမို့ မနည်းပြန်ရှာထားရတာကြောင့် DVD Rip ပဲရပါတယ်ဗျကဲ 21+ ပရိတ်သတ်ကြီးအတွက် Darkside Production မှ ဂုဏ်ယူစွာတင်ဆက်ပေးလိုက်ပါတယ်ဗျာ
Rate it :
[A033] Hostel (2005)
Posted by Thaw Htut San
Posted on 7:04 AM
with No comments
Hostel (2005)
Movie ID : A033
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ပုရိတ်သတ်ကြီးအတွက် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ကျော်ကြား ခဲ့တဲ့ ဒါရိုက်တာကြီး Eli Roth ရဲ့ဇာတ်ကားကောင်းတွေကို တင်ဆက်လိုက်ပါတယ်။အမှန်တော့ Hostel ဇာတ်ကားတွေက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာမဟုတ်ပါဘူး။ဒါပေမဲ့ အပိုင်းသုံးပိုင်းထဲက အပိုင်းတစ်ခုဟာထိုင်းမှာ အလားတူသဏ္ဍန် တစ်ခုဖြစ်သွားခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ …… လူတွေဆိုတာ အခက်သားကလား။ သာယာမှု့ဆိုတာကို လူတိုင်းလက်ခံသဘောကြ ကြပါတယ်။နာကြင်မှု့ကိုတော့ ကြားတောင်မကြားချင်ကြပါဘူး။ဒီဇာတ်ကားက အဲဒီခံစားချက်နှစ်မျိုးရဲ့ အချိတ်ဆက်ကို ဖော်ပြပေးသွားမှာပါ။မူမှန်တဲ့ လူတွေအတွက် ပျော်စရာ ကလပ်တွေရှိနေသလို မူမမှန်တဲ့သူတွေအတွက်လည်း ပျော်စရာ ကလပ်တွေ ရှိနေပါတယ်။မူမမှန်သူတွေကတော့ လူ့အသက်တွေနဲ့ အကြောက်တရားတွေကို ငွေကုန်ကြေးကျခံပြီး ကစားကြသူတွေပါ။ဇာတ်ကားရဲ့အခြေခံကတော့ မြို့တွေကို ပျော်ရွင်စရာတွေနဲ့ သုခဘုံအလားဖန်တီးထားပြီးနိုင်ငံခြားသား/သူ တွေကို အစဖျောက်ဖမ်းခေါ်ပြီးမူမမှန်တဲ့ သူတွေဆီကို ပိုက်ဆံယူပြီး ဝကွက်အပ်လိုက်တာပါပဲ။ ပိုက်ဆံအတွက် အသတ်ခံကြရသလို ပိုက်ဆံအတွက် သတ်ကြရပါတယ်။ လျှင်သူစားစတမ်းပေါ့ဗျာ…
Rate it :
[A032] Dead Silence (2007)
Posted by Thaw Htut San
Posted on 7:02 AM
with No comments
Dead Silence
Movie ID : A032
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
၂၀၀၇ ခုနှစ်က ထွက်ခဲ့ပြီး IMDB 6.2 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲံ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….ဇာတ်ကားကိုတော့ မယွန်းစန္ဒီမှ ဘာသာပြန်ပေးထားပါတယ်။
Rate it :
[A031] Fighter In The Wind(2004)
Posted by Thaw Htut San
Posted on 6:59 AM
with No comments
Fighter In The Wind(2004)
Video ID : A031
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ် ၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူးဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါ/
Rate it :
[A030] Fair Game (1995)
Posted by Thaw Htut San
Posted on 6:57 AM
with No comments
Fair Game (1995)
Video ID : A030
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
တစ်ခေတ်တစ်ခါက နာမည်တွေပါဝင်ထားတဲ့ Action, Crime, Romance ဇာတ်ကားလေးဖြစ်ပါတယ်။မင်းသားချော William Baldwin နဲ့ မင်းသမီးချော Cindy Crawford တို့အပြင် Salma Hayek တို့ပါ ဇာတ်ရံအဖြစ်ပါဝင်ပါတယ်။ဇာတ်လမ်းကိုညွှန်းရရင်ဖြင့် ….အချိန်ကတော့ ရွှေမင်းသမီးလေးတစ်ယောက် ဘာမသိညာမသိ အမှုတစ်ခုထဲ ဝင်ရှင်းမိပြီး ဒုက္ခရောက်နေချိန်…..တိုက်ဆိုင်ချင်တော့ ကိုယ်မှန်တယ်ထင်ရာမဆုတ်တမ်းလုပ်တတ်တဲ့ ဆော်ကြည် ရူပါဖြောင့် မောင်မောင်ရဲတစ်ယောက်ကလဲဒီအမှုထဲကို မထင်မှတ်ဘဲ ရောက်သွားပါတယ်။ဒါနဲ့ပဲ ယောင်္ကျားကောင်းတို့ ထုံးစံအတိုင်း ရွှေမင်းသမီးလေးရဲ့ ကိုယ်ရံတော်တပ်မှူးလေးအဖြစ် ဘယ်သူမှမခန့်ဘဲ ကိုယ့်ဖာသာကိုယ် အလန်းစားဝင်လုပ်တာကို တစ်ခေတ်တစ်ခါက အက်ရှင်တွေနဲ့ တင်ဆက်ထားတာပါ။အက်ရှင်အသားပေး ဇာတ်ကားဖြစ်ပေမယ့် မင်းသမီးစင်ဒီကရော့ဖို့ရဲ့ Nude Scene တချို့ပါဝင်တာကြောင့် လူရှေ့သူရှေ့တော့ ကြည့်ဖို့ မသင့်တော်ပါ။
Rate it :
[A029] Crows Zero
Posted by Thaw Htut San
Posted on 6:54 AM
with No comments
Crows Zero
Movie ID : A029
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
IMDb rating 7.1/10 ထိရရှိထားတဲ့ ဂျပန် action ကားကောင်းလေးပါပဲ။ အားလုံးပဲကြိုက်နစ်သက်မယ်လို့ထင်တဲ့ကျွန်တော်(စိုးထွေး)ရဲ့၁၅ကားမြောက် ဂျပန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇတ်ကားလေးဟာဂျပန်ကာတွန်းကားကိုအခြေခံထားတဲ့ဇတ်ကားလေးတစ်ကားပါ။ လူငယ်လူရွယ်တွေနဲ့ Action ခပ်ကြမ်းကြမ်းကြိုက်သူတွေအကြိုက်တွေ့စေမဲ့ လမ်းသရဲဆန်ဆန်ကျောင်းသားဖိုက်တာကားလေးပါပဲ။
ဇာတ်လမ်းအကြောင်းလေးအနည်းငယ်ပြောရရင် စုဇုရန်ကျောင်းမှာနစ်အလိုက်အဖွဲ့တွေအများကြီးရှိတယ်။ ပြောရရင်တော့ဖိုက်တာတွေများတာပေါ့ . စုဇုရန်ကျောင်းကိုကျောင်းသားသစ်ဂမ်းဂျိရောက်လာတဲ့ခါ ဘာတွေဖြစ်မလဲ. . . ဂမ်းဂျိကကောဘယ်သူလဲ . . .အချိန်တိုအတွင်းမှာမိမိအဖွဲ့အင်အားတောင့်တင်းလာ အောင်ဂမ်းဂျိဘယ်လိုကြိုးစားမလဲ။
ကျောင်းမှာ ရှိနင့်ပြီးသားစီနီယာဖိုက်တာတွေကို ဂမ်းဂျိဘယ်လိုရင်ဆိုင်မလဲစသဖြင့်စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေအများကြီးပါဝင်ပါတယ်။ စကီလေးတွေကော ကောင်လေးတွေကောအများကြီးပါဝင်တာကြောင့် . ဘဲချောချော . စကီချောချောလေးတွေငမ်းချင်သူများအကြိုက်ပေါ့ 😀 . . . (ဇာတ်ကား အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)
Rate it :
[A028] Crazy Safari (1991)
Posted by Thaw Htut San
Posted on 6:52 AM
with No comments
Crazy Safari (1991)
Movie ID : A028
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
Imdb 5.5ရထားတဲ့ ပုလင်းမင်းသားကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက တော့ ဥရောပမှာလေလံတင်တဲ့ အဖိုးဖြစ်သူရဲ့ မံမီ ရုပ်အလောင်းကို လေလံဆွဲပြီး မွေးရပ်မြေသို့ လေယာဉ်နဲ့ ပြန်သယ်လာရာမှ လမ်းမှားပြီးတောတွင်းအာဖရိက က Bush man တွေဆီရောက်သွားပြီးတော့ ဘာအလွဲတွေ ဖြစ်ကြမလဲဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာတော့ ဆက်လက်ကြည့်လိုကြပါတော့ဘာသာပြန်ကတော့ မင်းပြည့်စုံပါစာဖိုင်မရှိတာကို ဖန်တီးယူထားတာကတကြောင်းဇာတ်ကား ကထွက်ထားတာကြာပြီက တကြောင်းမို့အကောင်းဆုံး Quality ကိုရှာဖွေ တင်ဆက်ပေးထားပါတယ်သတိပေးခြင်တာတခုက မကြည့်ခင် အပေါ့သွားထားကြပါလို့
Rate it :
[A026] A Village of No Return (2017)
Posted by Thaw Htut San
Posted on 3:15 AM
with No comments
A Village of No Return (2017)
Movie ID : A026
တစ်ခါတုန်းက တရုတ်နိုင်ငံက နယ်စွန်နယ်ဖျားရွာလေးတစ်ခုက ရွာခံတွေဟာ နေ့တိုင်းလိုလို အချင်းချင်းတွေ စကားများလိုက်၊ ပြဿနာတွေဖြစ်လိုက်နဲ့ နေကြရပြီး မြေပိုင်ရှင် ရှီကတော့ရွာ နေရာအပိုင်စီးဖို့အတွက် လျှို့ဝှက်ကြံစည်နေခဲ့ပါတယ်။တစ်ရက်မှာတော့ အဲဒီရွာလေးကို ထူးဆန်းတဲ့ ဘုန်းတော်ကြီးတစ်ပါး ရောက်လာခဲ့ပြီး သူ့ဆီမှာ ပဉ္စလက်ဆန်ဆန်ပစ္စည်း တစ်ခုလည်း ပါလာပါတယ်။ အဲဒါကတော့ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တယ်ဆိုတဲ့အရာပါ။ထူးဆန်းတဲ့ ပစ္စည်းကို တစ်ရွာလုံးက အရမ်းစိတ်ဝင်စားနေကြပြီး သူတို့စိတ်ထဲမှာ အမြဲမှတ်မိနေတဲ့ စိတ်ညစ်စိတ်ရှုပ်စရာတွေ အကုန်လုံးကို မေ့ပျောက်ပစ်ချင် နေကြတာဖြစ်ပါတယ်။ အဲဒါနဲ့ ဘုန်းတော်ကြီးဆီက မှတ်ဉာဏ်ပျောက် ထူးဆန်းတဲ့ပစ္စည်းနဲ့ ရွာထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် စိတ်ညစ်စရာတွေ ကို မှတ်ဉာဏ်ထဲက ဖျက်ပစ်ခဲ့ကြပြီး တခြားလူတစ်ယောက်လိုမျိုး နေထိုင်ခဲ့ကြပါတယ်။ဘာဆိုဘာမှ မမှတ်မိတော့ပေမယ့် ပျော်ပျော်ရွှင်ရွှင်ကြီးကို နေထိုင်ခဲ့ကြတဲ့ ရွာသူရွာသားတွေဟာ အဲဒီမမှတ်မိခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ကြံစည်မှုကြီး တစ်ခုကိုတော့ ဘယ်သူကမှ သတိမပြုမိခဲ့ကြပါဘူး။မှတ်ဉာဏ်တွေ ပျောက်ကုန်တဲ့ ရွာသားတွေ ဘယ်လိုပြဿနာတွေကြံရမှာလဲ၊ ထူးဆန်းတဲ့ ဘုန်းကြီးနဲ့ ထူးဆန်းတဲ့ ပစ္စည်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရယ်မောရင်း သာကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ရှုချီ၊ ဝမ်ရှန်ယွမ်၊ ဂျိုးဇက်ချန်၊ အီရစ်ဆန်၊ တိုနီရန်း စသူတွေပဲ ဖြစ်ပါတယ်။
Rate it :
[A025] A Chinese Odyssey Part 3 (2016)
Posted by Thaw Htut San
Posted on 3:13 AM
with No comments
A Chinese Odyssey Part 3 (2016)
Movie ID : A025
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့…..
Rate it :
[A023] 009-1 The End of the Beginning (2013)
Posted by Thaw Htut San
Posted on 3:10 AM
with No comments
[A022] 3D Sex And Zen Extreme Ecstasy (2011) 18+
Posted by Thaw Htut San
Posted on 3:08 AM
with No comments
[A021] Alvin and Chipmunks The Road Chip (2015)
Posted by Thaw Htut San
Posted on 3:07 AM
with No comments
Alvin and Chipmunks The Road Chip (2015)
Movie ID : A021
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
၂၀၁၅ ထွက် အသစ်လေး တစ်ကားလာပါပြီဗျာ။ ဒီကောင်လေးတွေဆို အကုန်လုံး သိနေကြလောက်ပါပြီ။ ဒီတစ်ခေါက်ကားမှာတော့ သူတို့ အဖေ Dave ဟာ မိုင်ယာမီကို ရည်းစားနဲ့အတူ ၂ ယောက်ထဲထွက်သွားပြီး သူတို့ကို ရည်းစားရဲ့ သားဖြစ်သူ Miles နဲ့ ချန်ထားခဲ့တာက စပါတယ်။ Miles နဲ့ သူတို့တွေ စတွေ့ကတည်းက လုံးဝမတည့်ခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ Dave က မိုင်ယာမီခရီးမှာ လက်စွပ်လေးကို သယ်သွားတာ တွေ့လိုက်တဲ့အခါ သူတို့ ၃ ယောက်နဲ့ Miles က လုံးဝမိသားစု မလုပ်နိုင်ဘူးဆိုပြီး ၄ယောက်သား လက်ထပ်ခွင့်တောင်းတာကို ဖျက်ဖို့ မိုင်ယာမီကို ခရီးထွက်လာပါတော့တယ်။ ဒါပေမယ့် လမ်းတစ်လျှောက် အခက်အခဲတွေ မျိုးစုံတွေ့လာတဲ့ အခါမှာတော့……….
Rate it :
[A017] A Lonely Place To Die (2011)
Posted by Thaw Htut San
Posted on 2:59 AM
with No comments
A Lonely Place To Die (2011)
Movie ID : A017
#ရုပ်ရှင်မိတ်ဆက် (Channel Myanmar မှကူးယူဖော်ပြပါသည်)
၂၀၁၁ ခုနှစ်ထွက် အက်ရှင်စွန့်စားခန်း ဇာတ်လမ်းကောင်းကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်။ Imdb 6.3 ရထားပြီး အတော်လေးကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းက တော့ စကော့ကုန်းမြင့်တောင်တန်းတွေဘက်ကို တောင်တက်ခရီးထွက်လာတဲ့ အဖွဲ့လေးဟာ တောထဲက မြေအောက်ခန်းငယ်လေးထဲမှာ ပိတ်ထားခံရတယ် ကလေးငယ်မလေးကို တွေ့ပြီး ကယ်ဆယ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ကလေးနောက်ကို အင်မတန်ကြမ်းတမ်းတဲ့ လူသတ်သမား လူတစ်စုက ရေဆုံးမြေဆုံးလိုက်လာတဲ့အခါမှာ အင်မတန်ကြောက်စရာကောင်းတဲ့ စွန့်စားခန်းတွေစတင်လာပါတော့တယ်။ အဲ့ဒီကလေးမလေး နောက်ကွယ်က အကြောင်းရင်းတွေက ဘာတွေလဲ သူတို့ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကိုတော့……..
Rate it :

















































